


(ပြည်တွင်း) ဒီဇင်ဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် နေပြည်တော် ဇေယျာသီရိမြို့နယ်က မဲဆန္ဒရှင် ၃၀၀၀ ကျော်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဇေယျာသီရိမြို့နယ်မှာရှိတဲ့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှာကျင်းပခဲ့တာဖြစ်ပြီး ဇေယျာသီရိမြို့နယ်က ကျေားရွာအုပ်စု ၁၆ အုပ်စုက ဒေသခံမဲဆန္ဒရှင်တွေတက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဇေယျာသီရိမြိုနယ်က USDP ပါတီဝင်ပေါင်း ၃၀၀၀ ကျော်နဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး “ခုလိုစည်ကားသိုက်မြိုက်စွာလာရောက်ဝန်းရံပြီးပါတီမူဝါဒရယ်၊ မဲပေးခြင်းနဲ့ ပက်သက်လိုရယ်၊ ထပ်ခါထပ်ခါလာရောက်လေ့လာမှတ်သားအားပေးခဲ့ကြတဲ့ပါတီဝင် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ ဒေသခံမဲဆန္ဒရှင်တွေ တွေ့ဆုံတဲ့ပွဲကို အနုပညာရှင်တစ်ချို့လည်းလာရောက်ဝန်းရံတယ်လို့ သိရပါတယ်။