ပုဂံ-ညောင်ဦးလေဆိပ်က လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်ကို ၂၅ ပေစီ တိုးချဲ့နေ

(ပြည်တွင်း) ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး လေဆိပ်က လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်ကို ၂၅ ပေစီ တိုးချဲ့ပြေးဆွဲနေတယ်လို့ သိရပါတယ်။

အဆိုပါလေယာဉ်ပြေးလမ်းတိုးချဲ့နေမှု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနဲ့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းတွေကို ရေးဆွဲထားတဲ့ အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပုဂံ-ညောင်ဦး လေဆိပ်ကို လေယာဉ်ပြေးလမ်းဘေးနှစ်ဖက် ၂၅ ပေစီ တိုးချဲ့ခြင်း၊ တိုးချဲ့ပြီး လေယာဉ်ပြေးလမ်းနဲ့ မူလလေယာဉ်ပြေးလမ်းကို နိုင်လွန်ကတ္တရာခင်းခြင်းနဲ့ လေယာဉ်ရပ်နားဖို့ နေရာတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။