(မှုခင်း) ဒီဇင်ဘာလ ၁၈

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဖွင့်လှစ်ထားတဲ့ စိန်နဂါး စက်သုံးဆီဆိုင်ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သိန္နီမြို့ အဝင်မှာဖွင့်လှစ်ထားတဲ့ စိန်နဂါး စက်သုံးဆီဆိုင် မီလောင်းမှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိပေမယ့် ပေါက်ကွဲမှုတွေနဲ့အတူ မီးတောက်မီးလျှံတွေများပြားခဲ့ တယ်လို့လည်း သိရပြီး ဘယ်ကနေစတင်လောင်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်ကလည်း သိန္နီမြို့က မြို့ဦး စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်ရဲ့ သားသေဆုံးခဲ့တယ်လို့ ရှမ်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
#PAN