(မှုခင်း) ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံအစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများအများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့်KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်းဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ဒေသတွင်းတာဝန်ရှိသူများအပါအဝင်အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြဝတီမြို့အတွင်း၌လည်းတရားမဝင်ဝင်ရောက်နေထိုင်သူများနှင့် အွန်လိုင်းလောင်းကစားကျူးလွန်သူများအား ဖမ်းဆီးရမိရေးလုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရမြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊မြဝတီမြို့အဝင်/ အထွက် လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွနေရာများတွင် ပိတ်ဆို့စစ်ဆေးရှာဖွေ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း တရားမဝင် ၁ ထပ် အဆောက်အအုံ၅ လုံးအား ထပ်မံစစ်ဆေးနိုင်ခဲ့ပြီးအဆိုပါအဆောက်အုံများအနက်မှမြဝတီမြို့၊ မြေနီကုန်းရပ်ကွက်အနီးလူမနေပိတ်ထားသည့် တည်းခိုခန်းအတွင်း၌တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးအားလည်းကောင်း၊ ဂိုဒေါင် ၂လုံးအတွင်း၌ တရားမဝင် ကုန်ပစ္စည်းများဖြစ်သောကားကြီးတာယာ(ဆိုဒ် TX ၆၀) ၂၀၀ လုံး၊ မိုးကာလိပ်အစိမ်း ၃၀၀၀ လိပ်၊ စက္ကူလိပ်(အကြီး) ၂၀ လိပ်၊ Air Fiter ဘူး(အကြီး) ၂၀ လုံး၊ Air Fiter ဘူး(အသေး) ၃၀ လုံး၊ Battery စက်ဘီး၁၆ စီး၊ ရေစုပ်မော်တာ (၁ . ၅ ကောင်) ၁၀၀လုံး၊ Back Hoe ဘီးခွေ ၂၅ခု၊ တစ်ရှူးဖာမျိုးစုံ ၃၀၀၀ ဖာ၊ စာရေးကိရိယာ မျိုးစုံ၁၀၀၀ ဖာ၊ အလှကုန်ပစ္စည်း ၂၅၀ ထုပ်၊ သွပ်ဖာဆီလီကွန် ၁၈၀၀ ဖာ၊ စက်ဘီး ၂၀ စီး၊ ကလေးတွန်းလှည်း ၁၅ ခု၊ စုစုပေါင်းတရားမဝင်ကုန်ပစ္စည်း ၁၄ မျိုးအား လည်းကောင်း သို့လှောင်ထားရှိကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင်ကုန်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများအားလုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးပါဝင်ပတ်သက် သူများ အား ဆက်လက်စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအားလူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် မြဝတီမြို့နယ်အတွင်းရှိKK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက်ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့်အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးကိုမြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနှင့်နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ဒေသတွင်းနိုင်ငံများ၊နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်း၍တက်ကြွစွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#PAN