(ပြည်တွင်း) ဒီဇင်ဘာ ၂၀
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဆန္ဒမဲပေးပြီးဖြစ်တဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးနိုင်ဖို့ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၅၀ တို့မှာ သတ်မှတ် ရက်တွေအလိုက် မဲရုံတွေဖွင့်လှစ်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအသီးသီးတို့က ပြန်လည်ပေးပို့လာတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲလက်မှတ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#PAN