(မှုခင်း) ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် ဆိုင်းဘုတ်အား အမည်မသိ လူတစ်ဦးမှ ခဲလုံးဖြင့် ပစ်ပေါက်ဖျတ်ဆီးသောကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ၃ နာရီ ၃၅ မိနစ်အချိန်ခန့်က အေးသာယာမြို့၊ ရပ်ကွက်(၆)၊ အကွက်ကြီး(၆၄)၊ အေးသာယာ-စက်မှုဇုန်လမ်း၊ စစ်ကိုင်းလမ်းဆုံ ဒေသန္တရဆေးပေးခန်းရှေ့တွင် စိုက်ထူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်အား သီဟစိုး(ခ)အလီ၊ အသက် ၃၅ နှစ်၊ (ဘ)ဦးတင်စိုး၊ မွတ်ဆလင်/အစ္စလာမ်၊ နယ်မြေ(၆-က)၊ ရပ်ကွက်(၉)၊ နေသူမှ ဆုတ်ပြဲအောင်ခဲလုံးဖြင့်ပစ်ပေါက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားပြီး ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ က နဲ့ အမှုဖွင့်လှစ်ထားတယ်လို သိရပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပျက်ပြားစေဖို့ နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူတွေကိုဖော်ထုတ် အရေးယူမှုတွေကိုဆောင်ရွက်နေပြီး နိုဝင်ဘာ ၂၉ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၉၀ နီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#PAN