ဂျပန် ဗီဇာလျှောက်ထားရေးစင်တာ ဖွင့်လှစ်

(ပြည်တွင်း) ဒီဇင်ဘာ ၁၁

ဂျပန်နိုင်ငံကို သွားရောက်ကြမည့် မြန်မာလူမျိုးများအတွက် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မယ့် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို ဒီဇင်ဘာလ ၁၀ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါစင်တာအနေနဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်ကူပြုနိုင်ရန် မျှော်လင့်ကြောင်းလည်း သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဂျပန်သံရုံး၏ သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo နှင့် VFS Global မှ Mr. Simon Peachey တို့က အမှာစကားပြောကြားခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ခံများက စင်တာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။