(မှုခင်း) ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ကို PDF အကြမ်းဖက်သမားတွေဝင်ရောက်လာပြီး တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကို ပစ်ခတ်သတ်ဖြတ်သွားတဲ့အပြင် အရပ်သားတစ်ဦးပစ်ခတ်ခံရသလို အရပ်သူတစ်ဦးလည်း ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာကို PDF အကြမ်းဖက်သမား ၁၅ ဦး ခန့်က စက်လှေနှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။
PDF အကြမ်းဖက်သမားတွေဟာ အဆိုပါကျေးရွာမှာနေထိုင်သူတွေဖြစ်ကြတဲ့ ဦးဝင်းကြိုင် (၅၄)နှစ်နဲ့ ပုလောမြို့နယ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါ တီဥက္ကဋ္ဌဖြစ်သူ ဦးကြည်သန်း(၆၄)နှစ်တို့ရဲ့ နေအိမ်တွေကို ဝင်ရောက်ကာ သေနတ်နဲ့ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။
အခုလို ပစ်ခတ်မှုကြောင့် ဦးဝင်းကြိုင်မှာ ကျည်ထိမှန်ကဒဏ်ရာရရှိခဲ့ပြီး ဦးကြည်သန်းကတော့ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့သလို အဲဒီကျေးရွာမှာနေထိုင်တဲ့ ဒေါ်ခင်ခင်ချို(၄၈)နှစ်ကိုတော့ အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။
#PAN