ခြံဝင်းအတွင်း ဝက်စာကျွေးနေတဲ့ နောင်ချိုဒေသခံ TNLA ထောင်ထားတဲ့မိုင်းကြောင့် သေဆုံး

(ပြည်တွင်း) ဒီဇင်ဘာ ၈

​နောင်ချိုမှာ တအောင်းလက်နက်ကိုင် TNLA ထောင်ထားတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာမှာပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

နောင်လင်ကျေးရွာမှာနေထိုင်တဲ့ ဦးစိုးတင့်(၅၂)နှစ်ဟာ  နေအိမ်ခြံဝင်း အနောက်ဘက်က ဝက်ခြံမှာ ဝက်စာကျွေးနေချိန် ဝက်ခြံအနီးက TNLA အကြမ်းဖက်သမားတွေ ထောင်ထား မိုင်းတစ်လုံးကို နင်းမိခဲ့လို့ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

မိုင်းနင်းမိသူ ဦးစိုးတင့်ဟာ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာတွေ ရရှိကာ သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။

#PAN