
(အားကစား) နိုဝင်ဘာ ၂၆
ချဲလ်ဆီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါးမား အနေနဲ့ ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေပါတယ်။
ပါးမား ဟာ ပေါင်ခြံဒဏ်ရာဖြင့် ကာလအတော်ကြာ အနားယူနေရပြီး မကြာခင်ကမှ ပြန်လည်သက်သာခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ နေအိမ်တွင် အိမ်တံခါးထိခိုက်မိပြီး ဘယ်ဘက်ခြေချောင်းရိုးကျိုးဒဏ်ရာ ထပ်မံရရှိခဲ့ခြင်းကြောင့် ကာလရှည်အနားယူရဖွယ် ရှိနေပါတယ်။
ကိုးလ်ပါးမား အနေနဲ့ ဒဏ်ရာပြဿနာနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်းကြောင့် ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါးမား ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁ဝ၁ ပွဲကစားပြီး ၄၅ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့တာဖြစ်ပါတယ်။
#PAN