(ပြည်တွင်း) နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက်(၁၁၀)၊ ၂၁လမ်း×၉၀(A) လမ်းထောင့်မှာ ပြည်သူ့ရှေ့ ဆောင်ပါတီက စတုဒီသာကြာဇံဟင်းကျွေးမွေးကာ မဲဆွယ်စည်းရုံးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတွေက ပြောပါတယ်။

မနေ့ကပေါ့ ညနေပိုင်း ၂ နာရီလောက်က ကြာဇံချက်ကြွေးလို့သွားစားလိုက်သေးတယ်၊ ကိုယ်ရပ်ကွက်မှာဆိုတော့လေ ပြီးတော့ လက်ကမ်းစာစောင်တွေဝေတယ်၊ ပြိုင်မယ့်ကိုယ်စားလှယ်တွေလည်းလာတယ်။ ကိုယ်မဲကတော့ ဘယ်ပေးမလဲမပြောပါဘူး ပါတီတွေစောင့်ကြည့်နေပါတယ်။ အားကိုးလို့ရမယ်လို့ထင်တဲ့ပါတီကိုပေးမှာပါ” လို့ မင်းတဲအီကင်းရပ်ကွက်မှာနေထိုင်သူတစ်ဦးက PAN ကိုပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီကနေညနေပိုင်းအထိ စတုဒီသာကြွေးမွေးမှုတွေပြုလုပ်ခဲ့ပြီး အဲဒီကြွေးမွေးရာနေရာကို ၊အောင်မြေသာစံမြို့နယ်ကနေ (FPTP) စနစ်နဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်သူ့ရှေ့ ဆောင်ပါတီက တိုင်းပါတီဥက္ကဌ ဦးအောင်ကျော်ဦး၊ အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း၊ ဒေါ်သင်းသင်းအောင်၊ မဲဆန္ဒနယ်မြေအမှတ်(၃)အမျိုးသားလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဦးအောင်ဇေယျာ၊ ၊ ရှမ်းတိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစွမ်းမောက်တို့လာရောက်ခဲ့တာတွေ့ရတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် ကြာဇံဟင်းခါးစတုဒီသာကျွေးမွေးရာကိုလာရောက်ခဲ့တဲ့ ရပ်ကွက်အတွင်းက မဲဆန္ဒရှင်ပြည်သူ ၃၅၀ဦးခန့်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဦး က လက်ကမ်းစာစောင်တွေ ဝေငှတယ်လို့လည်း သိရပါတယ်။
#PAN