နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုမြင့်တက်လာစဉ် ဂျပန်နိုင်ငံရှိကျောင်းသားများ သတိဖြင့်နေထိုင်ရန် တရုတ် သတိပေး

(နိုင်ငံတကာ) နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံသို့သွားရန်ပြင်ဆင်နေသည့် သို့မဟုတ် ဂျပန်နိုင်ငံ၌ရောက်ရှိပညာသင်ယူနေသည့် တရုတ် နိုင်ငံသားများအနေဖြင့် ဒေသတွင်းလုံခြုံရေးအခြေအနေကို အနီးကပ် စောင့်ကြည့်၍ သတိဖြင့်နေထိုင်ရန် တရုတ် အစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအီ တာကာအီချီက ထိုင်ဝမ်ကျွန်းအရေးနှင့်ပတ်သက်၍ မှတ်ချက်ပြုစကားပြောပြီးနောက် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာ လာနေစဉ်ယခုကဲ့သို့သတိပေးချက်ကို ထုတ်ပြန်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအစိုးရသည် ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံပိုင်နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံ အများအပြားကလည်း အလားတူသတ်မှတ်ကာ တရုတ်တစ်နိုင်ငံ တည်းမူဝါဒကို ထောက်ခံထားတယ်လို့ သိရပါတယ်။

သို့သော် ထိုင်ဝမ်ကျွန်းပဋိပက္ခနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အင်အားအသုံးပြုခြင်းသည် ဂျပန်နိုင်ငံအနေဖြင့် ကြားဝင် စွက်ဖက်သင့်သည့် အခြေအနေတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ကပြောလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက်သည် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရာ ရောက်သည့် အတွက် ယခုကဲ့သို့ပြောဆိုမှုကို ပြန်လည်ရုပ်သိမ်းရန် တရုတ်နိုင်ငံက တောင်းဆိုထားသော်လည်း ဂျပန်အစိုးရက ငြင်းဆိုထားကြောင်း CCTV သတင်းဌာနဖော်ပြချက်အရ သိရသိရပါတယ်။

PAN