ပျဥ်မနားမှာ အဖိုးအိုတစ်ဦး ဆိုင်ကယ်စက်နှိုးရင်း လဲကျသေဆုံး

(ပြည်တွင်း) နိုဝင်ဘာ ၁၅

နေပြည်တော် ပျဥ်းမနားမြို့ ပျဥ်းမနားဘူတာ အရှေ့ဘက်မှာ အဘိုးအိုတစ်ဦး ဆိုင်ကယ်စက် နှိုးနေရင်း ရုတ်တရတ်လဲကျသွားသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့  ညနေ 4နာရီခွဲအချိန်ခန့်မှာဖြစ်ပွားခဲ့တာလို့ မိုးစေတနာပရဟိတအသင်းထံကသိရ ပါတယ်။

“အဘိုးအိုတစ်ဦး ဆိုင်ကယ်စက် နှိုးနေရင်း ရုတ်တရတ်လဲကျသွားတာကြောင့် မိုးစေတနာပရဟိတအသင်းပျဥ်းမနားရုံးကို ဖုန်းဆက်အကူအညီတောင်းလာလို့ ပျဥ်းမနားမြို့ကုတင် ၂၀၀ဆေးရုံကို လူနာတင်ယာဥ်နဲ့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ပေမယ့် လူနာ အဘိုးအိုမှာ လဲကျစဥ်တွင်ပင်အသက်မရှိတော့​ဘူး” လို့ အဆိုပါအသင်းကပြောပါတယ်။

အဖိုးအိုရဲ့ရုပ်အလောင်းကိုတော့ မိသားစု သဘောအရ နေအိမ်ကို  ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

#PAN