(ပြည်တွင်း) နိုဝင်ဘာ ၁၄
တအောင်းလက်နက်ကိုင် TNLA ထိန်းချုပ်ရာဒေသတွေမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေများပြားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့မှာ ယခုလအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၄)လောင်းတွေ့ရှိရပြီး မိမိကိုယ်ကို ကြိုးဆွဲချမှုတွေနဲ့ သေကြောင်းကြံစည်မှုတွေလို့ ဒေသတွင်းသတင်းတွေကပြောပါတယ်။
ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၂)ရက်က အသက် (၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သစ်ပင်တစ်ပင်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။
တအောင်းလက်နက်ကိုင်တွေအဓမ္မထိန်းချုပ်ရာဒေသတွေမှာ စားဝတ်နေရေးကြပ်တည်းမှုတွေ၊ အခွန်အမည်တပ် ငွေကြေးအဆမတန်တောင်းခံမှုတွေအပြင် အမျိုးသမီးတွေအပေါ် အဓမ္မလိင်ကျူးလွန်စောကားမှုတွေများလာတာကြောင့် ဒေသခံတွေဟာ ဘဝရပ်တည်ရေးခက်ခဲလာတယ်လို့လည်း သိရပါတယ်။
#PAN