(ပြည်တွင်း) နိုဝင်ဘာ ၁၄
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဝမ်းရောဂါဖြစ်ပွားနေပြီးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကစလို့ ပလက်ဝမှာဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျောရောဂါဟာ လူပေါင်း ၄၀၀ နီးပါကိုကူးစက်ထားပြီး အပြင်းအထန်ဖြစ်ပွားနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းတွေကပြောပါတယ်။
ပလက်ဝခရိုင် ရှင်းလက်ဝတိုက်နယ် ဒေသခံတွေနဲ့ ကုန်သည် စုစုပေါင်း ၃၀၀ ဦးခန့်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရပြီး လူ ၃၀ ဦးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ AA ကထုတ်ပြန်ပါတယ်။
ပလက်ဝကို AA ထိန်းချုပ်ထားတာကြောင့် ဆေးဝါးမလုံလောက်မှုတွေရှိနေပြီး ရောငါဆက်လက်ပြန့်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
“ကျွန်တော်တို့ရှောင်လာတယ်ဆိုတာက ငွေနည်းနည်းရှိလို့ ရှောက်နိုင်တာ၊ သွာလည်းစရာလည်းမရှိ ငွေလည်းမရရှိတဲ့သူအများအပြား ပလက်ဝမှာကျန်နေတယ်။ ဒါက ကူးစက်ရောဂါဖြစ်လို့ စိုးရိမ်ရတယ်” လို့ ပလက်ဝကနေ စစ်ရှောင်လာသူတစ်ဦးက PAN ကိုပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားထားတာဖြစ်လို့ ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိတာကြောင့် အခုလိုရောဂါဖြစ်ပွားနှုန်းမြင့်မားလာတာဖြစ်ပြီး အချိန်မှီမထိန်းချုပ်နိုင်ရင် အန္တရာယ်ရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း ပြောပါတယ်။
AA ကတော့ အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင် ကာကီကျေးရွာ၊ ကွီတင်းကျေးရွာနဲ့ လုံတင်းကျေးရွာတွေကနေ ပလက်ဝဒေသခံတွေကို ကူးစက်တာလို့ ထင်မြင်ချက်ပေး ပြောဆိုထားပါတယ်။
#PAN