

(ပြည်တွင်း) နိုဝင်ဘာ ၁၀
မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မဟာမြိုင်ရပ်၊ မြို့ရှောင်လမ်း၊ စကာကြီး မုန်းဟင်းခါးဆိုင်အနီးမှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ်(မြေနီကုန်းရာအိမ်မှူး) အပါအဝင် အမျိုးသား (၂) ဦးသေဆုံး (၁)ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်မှာနေထိုင်တဲ့ ဦးမင်းမင်းဦး(၄၃)နှစ်ဟာ ရပ်ကွက်ထဲက “ဧကရီ”ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပြီး “သတင်းပေး” လို့ဆိုကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာကြောင့် သေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ပြား (အနောက်)ကျေးရွာမှာနေထိုင်တဲ့ ဦးနေဦး(၃၇)နှစ်ဟာ ကန်ပြား (အနောက်) ကျေးရွာကနေ ဥသျှစ်ကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာချိန် ရုံးကုန်း ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာ ရုံးကုန်း-ကွမ်းအိုင်သွား ကျေးရွာချင်းဆက် လမ်းပေါ်အရောက် လမ်းဘေးကနေ PDF အမည်ခံ အကြမ်းဖက်သမားတွေထောင်ထားတဲ့နင်းမိုင်း တစ်လုံးကို နင်းမိပေါက်ကွဲခဲ့တာကြောင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေရရှိကာသေဆုံးသွားတယ်လို့ သိရပါတယ်။