

(ပြည်တွင်း) နိုဝင်ဘာ ၁၀
နေပြည်တော် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာက အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံးမှု ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပျဥ်းမနားမြို့ ကင်ပွန်းတန်းကျေးရွာ ရွာအလယ်နေထိုင်တဲ့ အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးနေတာဖြစ်လို့ လူနာတင်ယာဥ်အကူအညီတောင်းလာလို့ မိုးစေတနာပရဟိတအသင်းကကူညီပေးခဲ့ရတယ်လို့ အသင်းထံက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ ကူညီခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားရဲ့ရုပ်အလောင်းကို ပျဥ်းမနားမြို့ ကုတင်၂၀၀ဆံ့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ပျဥ်းမနားမြေစာရင်းရုံးကဖြစ်ဖြစ်တယ်လို့လည်း မိုးစေတနာပရဟိတအသင်းကပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပုဗ္ဗသီရိမြိုနယ်၊ ဖြုတ်ခွဲကျေးရွာက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။