(နိုင်ငံတကာ) နိုဝင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံသမ္မတ ပရာဘိုဝိုဆူဘီယန်တိုသည် နိုင်ငံအနေဖြင့် Airbus A400M အမျိုးအစား စစ်ဘက် သုံး လေယာဉ်လေးစင်းထပ်မံဝယ်ယူရန် ဆွေးနွေးညှိနှိုင်းမှုများစတင်နိုင်ကြောင်း နိုဝင်ဘာလ ၃ ရက် တွင် ပြောသည်။

ယင်းဝယ်ယူမှုသည် နိုင်ငံ၏သက်တမ်းရင့်နေသော စစ်ဘက်ဆိုင်ရာပစ္စည်းများကို ပြန်လည်မွမ်းမံရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး A400M လေယာဉ်နှစ်စင်းအနက် ပထမဆုံးတစ်စင်းရောက်ရှိလာခြင်းကို စစ်ဆေးသည့် အခမ်းအနား အပြီးတွင် သမ္မတက ထိုသို့ပြောခြင်းဖြစ်သည်။
A400M သည် လေယာဉ်ဆီသယ်ယာဉ်များနှင့် မြေတူးစက်များကဲ့သို့သော ကြီးမား ပြီးလေးလံသည့် ဝန်စည်များကို သယ်ယူပို့ဆောင်နိုင်ကာ ပျက်စီးနေသော သို့မဟုတ် တိုတောင်းသော လေယာဉ်ပြေးလမ်းများကို အသုံးပြုနိုင်စွမ်းရှိသည်။
သမ္မတပရာဘိုဝို၏ ပြောကြားချက်အရ ဤလေယာဉ်များသည် ပြည်တွင်း၌ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များအပြင် ဂါဇာကဲ့သို့ နိုင်ငံခြားတွင်လုပ်ဆောင်ရမည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများအတွက် အင်ဒိုနီးရှားတပ်မတော်ကို အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။
#PAN