(နိုင်ငံတကာ) နိုဝင်ဘာ ၄
ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေးနှင့်ဂါဇာဒေသအား စစ်မက်ကင်းစေရေးအတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နိုဝင်ဘာလ ၂ ရက်တွင် ပြောသည်။

အစ္စရေးအစိုးရအနေဖြင့် ကျန်ရှိနေသည့် စစ်သွေးကြွများကို တိုက်ခိုက်မည်ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဂါဇာဒေသအတွင်း ဟားမတ်စ်စစ်သွေးကြွများ လှုပ်ရှားဆောင်ရွက်နေသဖြင့် ၎င်းတို့ကို တိုက်ခိုက်နှိမ်နင်းရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။
ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေး၊ ဂါဇာဒေသအား စစ်မက်ကင်းစင်ရေးဆောင်ရွက်မည်ဖြစ်ကာ ၎င်းအချက်များသည် အမေရိကန်သမ္မတထရမ့်နှင့်မိမိကြား သဘောတူ ထားသည့်အချက်ဖြစ်ကြောင်း နေတန်ယာဟုက ပြောသည်။
ဂါဇာတွင်ရှိနေသော အစ္စရေးတပ်ဖွဲ့များကို ကာကွယ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အစ္စရေးသည် မဟာမိတ်ဖြစ်သည့် အမေရိကန်အား စစ်ဆင်ရေးများဆောင်ရွက်မည့်အကြောင်းကို အကြောင်းကြားမည် ဖြစ်သော် လည်းအမေရိကန်၏ခွင့်ပြုချက်ထံမှတောင်းခံမည်မဟုတ်ကြောင်း၎င်းကထပ်လောင်းပြောကြားခဲ့သည်။
လက်ဘနွန် နိုင်ငံရှိ ဟဇ်ဘိုလာအဖွဲ့ လက်နက်စွန့်လွှတ်ရေးအတွက် လက်ဘနွန်အစိုးရက ဆောင်ရွက်ပေးရန် နေတန်ယာဟု က ပန်ကြားခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ပြောထားကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN