ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ရေထွက်ကုန် တန်ချိန် ၂ သိန်းဝန်းကျင် တင်ပို့ထား

(နိုင်ငံတကာ) နိုဝင်ဘာ ၄

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ပထမနှစ်ဝက်တွင် ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၂ သိန်းဝန်းကျင် တင်ပို့ထား ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏မီနီဘတ်ဂျက်ကာလအတွင်း ရေထွက် ကုန်ပစ္စည်း တန်ချိန် ၁၉၀,၅၆၇ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် နိုင်ငံခြားဝင်ငွေ ရရှိခဲ့ပါ တယ်။

ပြည်ပသို့ရေထွက်ကုန်တင်ပိုရာတွင် ရေကြောင်း၊ လေကြောင်းနှင့်နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် တင်ပို့လျက်ရှိပြီး ရေထွက်ကုန်များဖြစ်တဲ့ ငါး၊ ပုစွန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပါတယ်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

#PAN