(မှုခင်း) နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ လားရှိုး-သိန္နီလမ်းမကြီးပေါ်က ရွှေလင်းသစ် အဲယားကွန်းပြုပြင်ရေးဆိုင်ရှေ့မှာ အဲ့ဒီနေ့ ညနေ ၆ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုက တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ မန်ဆူဘုရားကနေ အဝိုင်းပတ်ဘက်ကို ပန်လုံမြို့မှာနေထိုင်တဲ့ ဆမ်းကျန်(၂၁)နှစ် မောင်းနှင်လာတဲ့ SHN-38 3L-XXXX CROWN ယာဉ်ဟာ အခင်းဖြစ်နေရာအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိရာက တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိမ်းမှောက်မှုကြောင့် ဆမ်းကျန်မှာ ဒဏ်ရာတွေရရှိကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ယာဥ်ကို ဆမ်းကျန်ကို လားရှိုးမြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
#PAN