PPP ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဆီ အယူခံဝင်ထားဟုဆို

(ပြည်တွင်း) နိုဝင်ဘာ ၁

ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၈(ဃ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ဖို့ ငြင်းပယ်ခံထားရတဲ့ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ ဗိုလ်ချုပ်မှူးကြီးထံ အသနားခံစာတင်ထားတယ်လို့ ပြောပါတယ်။

BBC နဲ့သီးသန့်အင်တာဗျူးမှာ  ကိုယ်စားလှယ်လောင်းပယ်ဖျက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးဆီအကူအညီတောင်းခံခဲ့တာရှိလားလို့ မေးမြန်းမှုမှာ ဒေါ်သက်သက်ခိုင်က အခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

“၂၄ ရက်နေ့ကတစ်ပြိုင်နက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပို့ရင်းနဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပေးတဲ့စာအတိုင်း ဗိုလ်ချုပ်မှူးကြီးဆီကိုလည်းပေးထားပါတယ်”လို့ ဒေါ်သက်သက်ခိုင်ကပြောပါတယ်။

“သူက ဒေါက်တာအေးမောင်လို ​​ဖြေလျော့ပေးဖို့ မျှော်လင့်နေပုံရတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို အသနားခံစာတင်တာဖြစ်နိုင်တယ်။ ကော်မရှင်ကတော့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်က အတည်ဖြစ်တယ်ဆိုတော့ ဥပဒေအတိုင်းလုပ်မယ်လို့တော့ ယူဆရတယ်” လို့ လေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ  လာမယ့် ရွေးကောက်ပွဲမှာ ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်းမြော က်ဥက္ကလာပမြိုနယ် တို့ပါဝင်တဲ့ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာတင်သွင်းထားပေမယ့် ငြင်းပယ်ခံထားရတာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ကိုပေးဖို့ အကြွေးရှိနေတာကြောင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ)  “နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်သူ” ဆိုတဲ့ပုဒ်မအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာတော့  ပေးဖို့အကြွေးရှိတဲ့ထဲက  အကြွေးကျပ်သိန်း ငါးသောင်းကို ပေးဆပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

#PAN