ချီဖွေမြို့ထဲမှာ KIA နဲ့ PDF က တပ်စွဲထားဟုဆို

(ပြည်တွင်း) နိုဝင်ဘာ ၁

ကချင်ပြည်နယ်၊ ချီဖွေမြို့ပေါ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေထဲကို KIA/PDF ပူးပေါင်းအဖွဲ့က တပ်စွဲနေထိုင်နေထိုင်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေတယ်လို့  သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“တပ်ကသိသွားရင် လာရှင်းမှာပဲ လေယာဥ်နဲ့လာပစ်မှာဟုတ်တယ်။ သူတို့သေတာကအကြောင်းမဟုတ်ဘူး၊ နေအိမ်တွေပျက်မယ် ပြည်သူတွေ ထိခိုက်မယ် သေဆုံးမယ်ဟုတ်တယ်”လို့ဒေသခံကဲပြောပါတယ်။

ကချင်အထူးဒေသ(၁)နယ်မြေတွေ ဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဖီမော်၊ လန်ဆယ်၊ ကံပိုင်တည် စတဲ့ ဒေသ KIA/PDF ပူးပေါင်းအဖွဲ့တွေက ဒေသခံတွေရဲ့ နေအိမ်တွေမှာ အခိုင်အမာ တပ်စခန်းချ တပ်စွဲနေကြတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ချီဖွေမှာ ပြီးခဲ့တဲ့နှစ်က တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့်ဒေသခံတွေဟာ ဘေးလွတ်ရာ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီနေ့အထိနေအိမ်တွေကိုပြန်ရောက်ရှိကြတာ မရှိသေးဘူးလို့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

KIA /PDF တေဒွဟာဒေသအတွင်းက သယံဇာတထွက်ရှိတဲ့ နေရာတွေမှာ ရွှေနဲ့ မြေရှား၊ သတ္ထု တူးဖော်တဲ့လုပ်ငန်း​တွေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ကချင်အထူးဒေသ(၁)နယ်မြေ​တွေဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဖီမော်၊ လန်ဆယ်၊ ကန်းဖန့်၊ ကံပိုင်တည်စတဲ့ မြို့နယ်တွေကို KIA/PDF ၊ ကျောင်းသားတပ်ဖွဲ့၊ ဂေါ်ရခါး၊ AA နဲ့ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက အဓမ္မနယ်မြေကျူးကျော် သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။

#PAN