(ပြည်တွင်း) အောက်တိုဘာ ၃၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုနဲ့ မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမမှာ နိုဝင်ဘာလ ၁၇ ရက်မှ ၂၆ ရက်အထိ ဆယ်ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲ များကို တင်ပြရောင်းချသွားမည် ဖြစ်ပါတယ်။
ဒါကြောင့် ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့တဲ့ နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်တယ်လို့ သိရပါတယ်။
#PAN