(ပြည်တွင်း) အောက်တိုဘာ ၃၁

စွမ်းအင်ဝန်ကြီးဌာနမှ National Petroleum Laboratory & Online Monitoring Centre ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝအကောင်အထည် ဖော်မှုများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး အတွက် စက်သုံးဆီတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ဝန်ကြီးဌာနမှ အသိပေးကြေညာလိုက်ပါတယ်။
အဆိုပါစင်တာကို နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေတာဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ့အစည်း များအတွက် အကျပ်အတည်းမဖြစ်စေရန်စီမံကိန်းကို အဆင့်လိုက်အကောင်အထည်ဖော်လိုက်ပါ ဆောင်ရွက်စေခြင်း၊ အချိန်ကိစ္စရပ်များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petroleum Product Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုမှသည် End User များသို့ ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာ စောင့်ကြည့်ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီ မှန်ကန်မှုရှိ၊ မရှိစစ်ဆေးဆောင်ရွက် နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေးသိုလှောင်ထားရှိမှု(Stockpiling) အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ (Real Time) စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Centre ကို အကောင်အထည်ဖော်ခဲ့ တာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ သိရပါတယ်။
#PAN