ဘတ် ၄ သန်းကျော်တန်ဖိုးရှိ ထိုင်းတိုင်းရင်းဆေးဝါးများလှူဒါန်း


(ပြည်တွင်း) အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ၊ THANAT Herb ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ ဘတ် ၄ ဒသမ ၅ သန်းတန်ဖိုးရှိ ထိုင်းတိုင်းရင်း ဆေးဝါးများကို အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့လာရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ထိုင်းတိုင်းရင်းဆေးဗူး ၃၀,၀၀၀ ကိုလှူဒါန်းရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ သံအမတ်ကြီး ဦးဇော်ဇော်စိုးက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ THANAT Herb ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှလှူဒါန်းသည့် ထိုင်းတိုင်းရင်းဆေးများကို မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ သံဃာ့အဖွဲ့ အစည်းများ၊ မိဘမဲ့ကျောင်းများ အပါအဝင် လိုအပ်နေသည့်နေရာများသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

PAN