ပုလောမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို PDF သတ်ဖြတ် အမက ၈ ကိုမိုင်းခွဲ

(မှုခင်း) အောက်တိုဘာ ၂၃

တနင်္သါရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်တွေက လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီက ပုလောမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝေနဲ့ တပ်မတော်သားတစ်ဦးဟာ ကျောက်စုဂိတ်ကနေကို အိမ်အပြန် အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အမက(၈) အနီးမှာ PDF အကြမ်းဖကတွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့လည်း သိရပါတယ်။
“သူတို့ကျောက်စုဂိတ်ကနေ အိမ်ကိုအပြန်မှာ ဂိတ်ကနေ တစ်ဖာလုံလောက်အကွာက လေယာဉ်ကွင်းလမ်းစုံအနီးက အမက (၈)နားမှာ လာပစ်သွားတာ အဲ့ဒီနေရာကလည်းလူနည်းနည်းပြတ်တယ်။ လယ်ကွင်းတွေနဲ့ အုပ်စိုင်းစိုင်းလေးဖြစ်တယ်။ သူတို့ကိုပစ်ပြီးတော့ အမက(၈) ကိုလည်းမီးရှို့သွားကြသေးတယ်” လို့ လုံခြုံရေးအတွက်အမည်မဖော်လို ဒေသခံက PAN ကို ပြောပါတယ်။
ပုလောမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ၃၃ ယောက်နီးပါဟာ PDF အကြမ်းဖက်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကိုခံထားရပြီး အဲ့ဒီအထဲက၂၈ ယောက် သေဆုံးထားတယ်လို့လည်း သိရပါတယ်။
ပုလောမြို့နယ် ၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်တွေထဲမှာပါရှိပြီး ပြည်သူ့လွှတ်တော်ကို ၄ ပါတီ၊ အမျိုးသားလွှတ်တော်ကိုတော့ ၃ ပါတီနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို ၂ ပါတီ သာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

#PAN