ပညာရေးကဏ္ဍမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က အောက်တိုဘာလ ၂၁ ရက်နံနက်ပိုင်းမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ် သင်တန်း၏ အမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံစဉ်မှာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ်များ ပေါများ ခြင်းဖြစ်၍ နိုင်ငံတော်အနေဖြင့် အရည်အသွေးပြည့်ဝတဲ့ ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဦးတည်ချက်ချမှတ်ပြီး ပညာရေးကဏ္ဍမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် စာသင်ကျောင်းများက စာပေသင်ကြားပေးတဲ့ နေရာသက်သက်မဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သော အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြ င်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင် စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေတဲ့ နေရာမျိုးဖြစ်စေရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်၍ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေး က နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြီးမားတဲ့ မောင်းနှင်အားတစ်ရပ်ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးမှ ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့အတူတကွ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းနေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ရ မည် ဖြစ်ကာ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့အကျိုးစီးပွားကို ဖြစ်ထွန်းစေ၍ တိုင်းပြည်ကို ပြည်တွင်းအင်အား နှင့်သာ တည်ဆောက်ကြရမယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူ ၂ ဦးက ယာယီသမ္မတထံ အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ် ခဲ့ပြီး ယာယီသမ္မတမှ ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရပါတယ်။

PAN