နိုင်ဂျီးရီးယားမှာ ဆီဘောင်စာတိမ်းမှောက်စဉ် ဆီလာခတ်တဲ့ လူ ၃၅ ဦးထပ်မနဲ သေဆုံး


(နိုင်ငံတကာ) အောက်တိုဘာ ၂၂

နိုင်ဂျီးရီးယားနိုင်ငံ၊ Niger ပြည်နယ် Katcha ဒေသန္တရ အစိုးရဧရိယာမှာရှိတဲ့ Badeggi မြို့အနီး Essan ရွာမှာ တိမ်းမှောက်နေတဲ့ ဓာတ်ဆီတင်ဘောင်ဆာကား အတွင်းဓာတ်ဆီလာခပ်တဲ့လူ အနည်းဆုံး ၃၅ ဦး မီးလောင်သေဆုံးခဲ့ပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယားအစိုးရကထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဓာတ်ဆီတင်ဘောင်ဆာကားဟာ လာဂို့စ်မြို့မှ ထွက်လာပြီး အက်ဆန်ရွာအရောက်တွင် ကားလမ်းဆိုးတာကြောင့် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံမျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နိုင်ဂျီးရီးယားအုပ်ချုပ်ရေးမှူးများဖိုရမ်(NGF)ရဲ့ဥက္ကဌ၊ Kwara ပြည်နယ်ရဲ့ ပြည်နယ်အမှုဆောင် အရာရှိချုပ်လည်းတဲ့ AbdulRahman AbdulRazaq က သေဆုံးသူတွေအတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်း ထုတ်ပြန်ခဲ့ပြီး “အခုဘေးအန္တရာယ်ဟာ ကျွန်ုပ်တို့ရဲ့ ကဏ္ဍအသီးသီးရှိတဲ့ ဘေးကင်းရေးပြဿနာတွေကို ပြန်ပြီး အာရုံစိုက်လာစေပါတယ် မီးလောင်လွယ်သောပစ္စည်းတွေ သိမ်းဆည်းသယ်ယူတာကို အထူးဂရုစိုက်ကျဖို့အရေးကြီးပါတယ်”လို့ AbdulRahman AbdulRazaqက ပြောပါတယ်။

အခုအချိန်အထိတော့ လူ ၃၅ ဦး မီးလောင်သေဆုံးခဲ့ပြီး ၄၀ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေတဲ့ ဒေသခံတွေကပြောကြားထားပြီး ဒဏ်ရာရသူတွေကို Bida နှင့် Lapai အထွေထွေရောဂါကုဆေးရုံကြီးများသို့ အမြန်ပို့ဆောင်ထားကြောင်း သိရပါတယ်။

PAN