လွိုင်ကော်တက္ကသိုလ် အဝေးသင် ဒုတိယအသုတ် ဆက်လက်ဖွင့်လှစ်


(ပြည်တွင်း) အောက်တိုဘာ ၂၂

ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ်မှာ အဝေးသင်ဒုတိယအသုတ်အတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ်နေကြောင်း သိရပါတယ်။

လက်ရှိတွင် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ချက်အရ လွိုင်ကော် တက္ကသိုလ် အဝေးသင်ဒုတိယအသုတ် ကျောင်းသား/ကျောင်းသူ ၃၆၅ ဦး တက်ရောက်နေကြောင်း သိရပါတယ်။

လက်ရှိလွိုင်ကော်မြို့နယ်မှာ လွိုင်ကော်တက္ကသိုလ်အပါအဝင် လွိုင်ကော်နည်းပညာတက္ကသိုလ်၊ ပညာရေး ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ ကွန်ပျူတာတက္ကသိုလ်တို့ကို ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

လွိုင်ကော် တက္ကသိုလ်က ၂၀၂၃ ခုနှစ်အတွင်းစခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲပြင်းထန်မှုကြောင့် တက္ကသိုလ်ရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ကို ပိတ်ခဲ့ရခြင်းဖြစ်ကာ အချိန်ယူပြန်လည်ပြုပြင်တည်ဆောက်ခဲ့ ရပါတယ်။

PAN