(ပြည်တွင်း) အောက်တိုဘာ ၂၂
ရှေ့ဆက်လျှောက်ကမယ့်ဘဝဟာ အေးအေးချမ်းချမ်းဖြစ်ဖို့လိုပြီး အဲ့ဒီလိုအေးအေးချမ်းချမ်းဖြစ်ဖို့က ရွေးကောက်ပွဲကနေဖန်တီးနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ အောက်တိုဘာလ ၁၉ ရက်နေ့က ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ အင်ပင်ခုံကျေးရွာမှ ရွာသူရွာသားတွေနဲ့တွေ့ဆုံစဥ်မှာပြောဆိုလိုက်တာလို့ ပါတီကပြောပါတယ်။
“တပ်မတော်အစိုးရက အခြေအနေအရပ်ရပ်ကြောင့်ထိန်းလိုက်ရတယ်။ သို့သော်လည်း အေးအေးဆေးဆေးဖြစ်တဲ့အချိန်ကိုပြန်လည်ဖန်တီးပေးနေတယ်”လို့ က လူထုနဲ့တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်။
“တပ်မတော်အကြီးအကဲတွေနဲ့ UEC ကရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး ရွေးကောက်ပွဲ ဖြစ်တာနဲ့တစ်ပြိုင်နက်ထဲ သောင်းကျန်းသူတို့ သူပုန်တို့ဆိုတာကဘေးရောက်သွားပြီ ခင်ဗျားတို့ကို သ@တ်ချင်တိုင်း သ@တ်လို့မရဘူး ခင်ဗျားတို့ကိုလာသတ်ရင် သူတို့တို့ဟာ သာမန်အကြမ်းဖက်မဟုတ်တော့ဘူး နိုင်ငံတကာအကြမ်းဖက်ဖြစ်သွားမယ်။ ဘယ်မှသွားမရ လာမရပဲ နိုင်ငံပေါင်းစုံကဖမ်းလို့ဆီးလို့ရတဲ့သူတွေဖြစ်သွားမယ်” လို့ အကြမ်းဖက်မှုပြုလုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး သူကပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေပွင့်လာဖို့ အကောင်းတွေဖြစ်လာဖို့အတွက် ရွေးကောက်ပွဲကအရေးကြီးတာကြောင့် ရွေးကောက်ပွဲကိုဖြစ်မြောက်အောင် ဝိုင်းဝန်းအားပေးကြဖို့သူကတိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံတော်ကစီစဥ်နေပြီး နိုင်ငံတကာက သက်သေတွေခေါ်ပြီး သက်သေတွေရှေ့မှာလုပ်ပြမှာဖြစ်တယ်လို့လည်း သူကပြောဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရက မဲမသမာမှု ၁၁.၃ သန်းကျော်ပြုလုပ်ခဲ့တာကြောင့် တပ်မတော်က နိုင်ငံေတအောဏာကို ခေတ္တအာဏာထိန်းခဲ့ပြီးတဲ့နောက် လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေကို ပြန်လည် ကျင်းပပေးဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
#PAN