

(မှုခင်း) အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ အုတ်ဖြတ်ရပ်ကွက်၊ အုတ်ဖြတ်လမ်းရှိ ပိုင်ရှင် ဦးအောင်ဇော်သိန်းပိုင်ဆိုင်တဲ့ဆိုင်ခန်းကို ငှားရမ်းလုပ်ကိုင်သူ ဦးမင်းဝေအောင်ရဲ့ (၁၀x၁၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ RC(၁)ထပ် “မင်းဝေအောင်”ဆိုင်ကယ်ပြင်ဆိုင်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၀၀ နာရီ ၀၈ မိနစ် အချိန်ခန့်က ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသိရသည်။
မီးလောင်မှုနေရာကို ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးသတ်ယာဉ်(၂)စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၁၀x၁၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ RC(၁)ထပ် ဆိုင်ခန်း(၁)ခန်း မီးလောင် ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲသူ ဦးမင်းဝေအောင်(၂၆)နှစ်အား ဖြူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိသည်။