(စီးပွားရေး) အောက်တိုဘာ ၂၀
မန္တလေး – လားရှိုး ပြည်ထာင်စုလမ်းမကြီးကို ခရီးသည်အပြင် ကုန်စည်တင်ယာဥ်တွေပါဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီလို့ သိရတယ်။

အဆိုပါလမ်းမကြီးကနေ ယာဉ်ငယ်တွေ အောက်တိုဘာ ၁၈ ရက်နေ့က စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ကုန်တင်ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့်ပြုလိုက်တာလို့ သိရပါတယ်။
“လက်ရှိမှာတော့ ပြောင်းကားတွေနဲ့ ကျောက်မီးသွေးကားတွေသွားလာနေပြီ လမ်းပွင့်သွားတော့အတော်အဆင်ပြေသွားတယ်။ အထက်ဘက်ကနေရာတွေကိုလည်း စစ်တပ်ကသိမ်းပေးစေချင်တယ်” လို့ ကုန်တင်ယာဥ်မောင်းသူတစ်ဦးကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအဖြစ် တအောင်းအကြမ်းဖက်လက်နက်ကိုင် TNLA နဲ့ပူးပေါင်းအဖွဲ့တွေက မန္တလေး – လားရှိုးလမ်းမကြီးပေါ်က မြို့အချို့ကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် လမ်းမကြီးအသုံးပြုမှုကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီနောက် TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ ၊ သီပေါစတဲ့မြို့တွေကို တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယာယီပိတ်ထားတဲ့ မန္တလေး – လားရှိုးလမ်းမကြီးကို အခုချိန်မှာပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
#PAN