မအူပင်မြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ခိုင်နေဝင်းလမ်းရှိ ပိုင်ရှင် ဒေါ်အေးလေးမှုရဲ့ (၃၀x၅၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၀၀ နာရီ ၁၀ မိနစ် အချိန်ခန့်က ဒယ်နီအိုးနဲ့ ဆန်ပြုတ်တည်ရာ အပူလွန်ကဲပြီး အနီးမှာရှိတဲ့ ပျဉ်ကာကို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာကို မအူပင်မြို့နယ်အတွင်းရှိ မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့တွေဟာ မီးငြှိမ်းသတ်ယာဉ်(၃)စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၀၀ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၃၀x၅၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး၊ (၁၅x၆၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်ရဲ့ ပျဉ်ကာအနည်းငယ်၊ (၁၈x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကာ(အောက်ထပ်) /ပျဉ်ကာ(အပေါ်ထပ်)၊ ပျဉ်ခင်း(၂)ထပ်နေအိမ် အပေါ်ထပ် ပျဉ်ကာအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့သောကြောင့် ပိုင်ရှင် ဒေါ်အေးလေးမူ(၃၀)နှစ်အား မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။