ပွင့်ဖြူမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာရှိ ကျောင်းတော်ရာဘုရားဈေးဆိုင်ခန်းတွင် ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ် အချိန်ခန့်က ပိုင်ရှင် ဦးသောင်းရွှေ၏ (၇x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ ဈေးဆိုင်ခန်းတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုနေရာသို့ ပွင့်ဖြူမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ပိုင်ရှင် ဦးသောင်းရွှေ၏ (၇x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ ဈေးဆိုင်ခန်းအပါအဝင် ဆိုင်ခန်း (၁၅)ခန်း မီးလောင်ဆုံးရှုံးခဲ့သောကြောင့် မီးပေါ့ဆသုံးစွဲသူ ဦးသောင်းရွှေ(၅၈)နှစ်အား လယ်ကိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။