စစ်ဗျူဟာအရအရေးပါတဲ့ကျင်းသီတံတားကို တပ်မတော်ထိန်းချုပ်

(ပြည်တွင်း) အောက်တိုဘာ ၁၃

တအောင်းအကြမ်းဖက်အဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါကြားက ကျင်းသီတံတားကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။

စစ်ရှုံးပြီး ကျောက်မဲကနေ
ပြန်ဆုတ်ပြေးတဲ့ TNLA ဟာ ကျင်းသီရွာနဲ့ ကျင်းသီတံတားမှာ အထူးခံစစ်ဆင်ထားပေမယ့် တပ်မတော်ရဲ့ထိုးစစ်ကိုမခံနိုင်တဲ့အဆုံး ကျင်းသီကနေပါ ထွက်​ပြေးသွားပြီး သိရပါတယ်။

ကျင်းသီရွာနဲ့ ကျင်းသီတံတားကို တပ်မတော်စစ်ကြောင်းတွေက ပိတ်ဆို့ချေမှုန်းပြီး ယနေ့ညနေမှာပဲ ပြန်လည် ထိန်းချုပ်လိုက်တာလို့ အဲ့ဒီအခြေအနေတွေကိုသိရှိနေတဲ့ ကိုခိုင်ဇော် ဆိုသူက ပြောပါတယ်။

ကျင်းသီတံတားနဲ့ကျင်းသီရွာကို ထိန်းချုပ်နိုင်ခြင်းဟာ သီပေါမြို့ကိုပါ အိတ်ကပ်ထဲထည့်ထားနိုင်ပြီလို့ မှတ်ယူလို့ရနိုင်အောင် စစ်ဗျူဟာအချက်ချာနေရာ​တွေအတွက် မိမိတို့စစ်သည်တွေကလည်း  အောင်စိတ်တွေ အထူးဖြစ်ပေါ်တက်ကြွနေတာ တွေ့နေရတယ်လို့ သယကပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက ကျင်းသီတံတားရဲကင်းကို TNLAနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နောင်ချိုဘက်မှ စစ်ကူမလာအောင် တံတားပျက်စီး
ခဲ့တာဖြစ်ပါတယ်။

ကျင်းသီတံတားဟာ မြန်မာတရုတ် စီးပွားရေးစင်္ကြံပေါ်မှာတည်ရှိပြီး စစ်ဗျူဟာ စီးပွားရေးဗျူဟာအရ အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

#PAN