လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပစ္စည်းအဟောင်းအရောင်းအဝယ်ဆိုင် မီးလောင်မှုဖြစ်ပွား


(မှုခင်း) အောက်တိုဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ အောက်တိုဘာ ၇ ရက် နံနက် ၅ နာရီ ၃၂ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၌ ပိုင်ရှင် ဦးကျော်သူ၏ ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ်ပစ္စည်းအဟောင်းထားသည့် ဂိုဒေါင်တွင် ညစောင့် မင်းသန့်ဇင်၊ ၂၀ နှစ်သည် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ ကတ်ထူပြားသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ ဒက္ခိဏခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၁ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၄၀ x ၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် ပစ္စည်းအဟောင်းဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ညစောင့် မင်းသန့်ဇင် အား လယ်ဝေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

PAN