(ပြည်တွင်း) အောက်တိုဘာ ၈
တပ်မတော်ရဲ့ထိုးစစ်ကြောင့် မကြာခင် သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ရရှိတော့မှာဖြစ်လို့ တအောင်းလက်နက်ကိုင်အကြမ်းဖက်တွေဟာ သီပေါကနေ ထွက်ပြေးကာ သီပေါနမ္မတူကြားက မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ နမ္မတူမြို့ကိုဆက်သွယ်ထားတဲ့ “မိုးတေ”တံတားကို TNLA က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲဖျ-က်ဆီးခဲ့ကြတာလို့ သိရပါတယ်။
မိုင်းခွဲဖျ-က်ဆီးခဲ့ရတဲ့ မိုးတေ တံတားရဲ့ထက်ပိုင်းကျိုးသွားခဲ့လို့ ဖြတ်သန်းသွားလာမရတော့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း TNLA က မိုင်းခွဲဖျက်ဆီးခဲ့လို့ တံတားကြမ်းခင်းပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်မဲကိုသိမ်းပိုက်ပြီးတဲ့ တပ်မတော်စစ်ကြောင်းဟာ သီပေါမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေပြီး သီပေါမြို့ကိုသွားရာလမ်းတစ်လျောက် က တိုးဂိတ်၊ဆီဆိုင်တန်း၊ နားခေါ်၊ ဘူးခါးနဲ့ TNLA ရဲ့လွယ်ခေါ်ခံစစ်စခန်းကိုပါ သိမ်းပိုက်ထားပြီး လမ်းတစ်လျောက်က TNLA စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ သိရပါတယ်။
#PAN