Ballon d’Or ဆုကို သုံးကြိမ်မြောက်ရရှိတဲ့ ဘွန်မာတီ

(အားကစား) စက်တင်ဘာ ၂၄

Ballon d’Or အမျိုးသမီးအကောင်းဆုံးကစားသမားဆုရှင် ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ် ကစားသမား ဘွန်မာတီ ဟာ သုံးကြိမ်မြောက်ရရှိတဲ့ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၂၇ အရွယ်ရှိပြီဖြစ်တဲ့ ဘွန်မာတီ ဟာ Ballon d’Or ဆုကို ၂၀၂၃၊ ၂၀၂၄နဲ့ အခု ၂၀၂၅ သုံးနှစ်ဆက် ဆွတ်ခူးခဲ့တာ ဖြစ်တယ်။

၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာလည်း ဘာစီလိုနာအသင်းမှ ပူတဲလက်စ် ရရှိထားခဲ့လို့ ဘာစီလိုနာအသင်း အမျိုးသမီးကစားသမားတွေထဲ ငါးနှစ်ဆက် ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဆု ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ အင်္ဂလန်ကစားသမား ငါးဦးပါဝင်ခဲ့ပြီး အာဆင်နယ်အသင်းက သုံးဦး၊ မန်စီးတီးအသင်းနှင့် ချဲလ်ဆီးအသင်းတို့မှ တစ်ဦးစီ ပါဝင်ခဲ့ပါတယ်။

#PAN