(ပြည်တွင်း) စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒသကြီးက မြို့နယ်တစ်ချို့နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကနေ အကြမဖက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်သွားတဲ့ PDF အဖွဲ့ဝင်တစ်ချို့ ဥပဒေဘောင်ထဲကို ပြန်လည်အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာကြတဲ့ PDF အဖွဲ့ဝင်တွေကို စက်တင်ဘာလ ၂၃ရက်က မကွေးမြို့မှာရှိတဲ့ နယ်မြေခံတပ်ကနေ အခမ်းအနားနဲ့ မိဘအုပ်ထိန်းသူတွေဆီကို ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
မိဘတွေထံကိုပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ PDF ၅ ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့တို့ကဖြစ်တယ်လို့ သိရပါတယ်။
အနေအစား ပင်ပန်းဆင်းရဲစွာ နေထိုင်ရတဲ့ PDF တွေဟာ တပ်မတော်ရဲ့ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာတဲ့အတွက် အခုလိုအလင်းဝင်လာကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
အလင်းဝင်လိုသူတွေအနေနဲ့ နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ တပ်နဲ့ ရဲစခန်းတွေကို ဆက်သွယ်လာရင် ကြိုဆိုလက်ခံကာ လိုအပ်တဲ့ ကူညီထောက်ပံ့မှုပေးမယ့်အပြင် လက်နက်/ခဲယမ်းပါရင် ဆုကြေးငွေ ပေးမယ်လို့လည်း ကြေညာထားပါတယ်။