ချောင်းထဲရေဆင်းချိုးရာမှ G-2ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

(မှု့ခင်း) စက်တင်ဘာ ၂၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ကျေးရွာ၊ ရွာဘေးရှိချောင်းထဲသို့ ရေဆင်းချိုးရာမှ G-2 ကျောင်းသား ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့၊ ညနေ ကျောင်းဆင်းချိန် G-2 ကျောင်းသား မောင်မြတ်ဘုန်းခန့် သည် သူငယ်ချင်းများနှင့်အတူ ရွာဘေးရှိချောင်းအတွင်း ရေချိုးကြရာမှ ချောင်းရေနှင့်အတူ မျောပါသွားခဲ့ပြီး အတူရေဆင်းကူးကြသည့် အပေါင်းဖော်များက စနောက်နေသည်ဟုထင်မှတ်ကာ အိမ်ပြန်သွားခဲ့ကြကြောင်း သိရသည်။

ထို့နောက် မောင်မြတ်ဘုန်းခန့် မိဘများမှ ညအချိန်ထိပြန်မလာသဖြင့် ရွာသားမျာနှင့်အတူ ရွာအတွင်းလိုက်လံရှာဖွေခဲ့ကြရာ အတူရေချိုးကြသည့် သူငယ်ချင်းများမှ ရေထဲပါသွား​ကြောင်းပြောပြသဖြင့် ရွာသူရွာသားများမှ ချောင်းရိုးတလျှောက်ရှာဖွေခဲ့ရာ မတွေ့ရကြောင်း သိရသည်။

၎င်းနောက် “လူမှုဂရုနာရှင်”လူမှုရေးအသင်းအား အကူညီတောင်း၍ ချောင်းရိုးတလျှောက်လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာ ၁၉ ရက်နေ့ မွန်းလွှဲ ၄ နာရီခွဲအချိန်တွင် ဝဲကြီးရွာထိပ်ရှိ ကင်တာဆည်ဘောင်တွင် ကလေးငယ်၏ ရုပ်အလောင်းအား တွေ့ရှိရကြောင်း သိရသည်။

#PAN