စစ်သင်တန်းပေးဖို့ပြင်ဆင်နေတဲ့ KIA တပ်ရင်း ၁၂ ကိုဗုံးကြဲ ၂၀ ဦးထက်မနည်း သေဆုံး

(ပြည်တွင်း) စက်တင်ဘာ ၁၉

ကချင်လက်နက်ကိုင်အဖွဲ့ KIA က ရွှေကူမြို့နယ်ထဲမှာ စစ်သင်ပေးဖို့လုပ်ဆောင်နေတဲ့နေရာကို တပ်မတော်ဂျက်ဖိုက်တာတွေက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သားသစ်အဖြစ်စုဆောင်းထားရသူ အနည်းဆုံး ၄၀ ဦးထက်မနည်းသေဆုံးတယ်လို့ ကချင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းက KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာကို ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်းဖြစ်တဲ့ ညသန်းခေါင်ယံအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း ကချင်ဒေသတွင်းသတင်းတွေကိုကိုးကားပြီး သတင်းအရင်းအမြစ်က ပြောပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀ ဦးသေဆုံးခဲ့သလို ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိထားသူတွေ နောက်ထပ် ၃၀ ဦးထက်မနည်း ဒဏ်ရာအနည်းငယ်ရရှိထားတယ်လို့လည်း ကချင်သတင်းတွေကပြောပါတယ်။

KIA ရဲ့ပြောရေးဆိုရေးဆိုခွင့်ရှိသူ ဗိုလ်နော်ဘူကတော့ ထိခိုက်သေဆုံးမှုရှိတာကို အတည်ပြုထားပြီး သေဆုံးမှုစာရင်းအတိအကျကိုတော့ ထုတ်ဖော်ထားတာမရှိပါဘူး။ လတ်သလောသိရှိထားတဲ့သတင်းတွေအရ သေဆုံးသူတွေထဲမှာ PDF တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။