TNLA နဲ့ PDF တွေက တန့်ယန်းနဲ့ ပေါက်ခေါင်းက ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်

(မှုခင်း) စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းကျေးရွာကဒေသခံတစ်ဦးကို PDF အကြမ်းဖက်တွေက စက်တင်ဘာလ ၁၆ ရက် ည ၁၀ နာရီခန့်မှာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းကျေးရွာမှာနေထိုင်တဲ့ ဦးတာတီး(၅၀)နှစ်ဟာ ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာ တောအတွင်းက တဲအိမ်မှာရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်သါားတယ်လို့ သိရပါတယ်။

PDF အကြမ်းဖက်အဖွဲ့ တွေဟာ ဦးတာတီး ဆိုသူကို “ဒလန်” လို့ပြောဆိုကာ သေနတ်နဲ့ ပစ် ခတ်သတ်ဖြတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မန်စန်းရပ်ကွက်မှာနေထိုင်တဲ့ လင်မယားနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

မန်စန်းရပ်ကွက်မှာနေထိုင်တဲ့ ကိုစိုင်းရန်မျိုးအောင်(၂၆)နှစ်ဟာ တန့်ယန်းမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ မြို့မဈေးကြီးကနေ သူ့ရဲ့နေအိမ်ကို ဇနီးဖြစ်သူ မနန်းခေးလောင်(၂၆)နှစ်နဲ့အတူ ဆိုင်ကယ်နဲ့ပြန်လာချိန် နေအိမ်ရှေ့အရောက်မှာ TNLA အကြမ်းဖက်အဖွဲ့သုံးဦးက TOYOTA CROWN အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ကိုစိုင်းရန်မျိုးအောင်နဲ့ မနန်းခေးလောင်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာကြောင့် တန့်ယန်းခရိုင်ပြည်သူ့ဆေးရုံကြီးမှာဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။