
(ပြည်တွင်း) စက်တင်ဘာ ၁၇
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများရှိခဲ့သည့် အမြန်လမ်းမကြီးတစ်လျှောက်ရှိ ပြုပြင်မှုများ ပြုလုပ် နေရာ အကြီးစားပြင်ဆင်မှု ၄၆ နေရာအထိ ရှိနေကြောင်း အသိပေးထားပါတယ်။
ငလျင်ဖြစ်ပွားခဲ့ပြီးနောက် သုံးရက် အတွင်းမှာပဲ အသေးစားပျက်စီးမှုတွေကို စက်ယန္တရားအပြည့်အစုံနဲ့အားလုံးကို ပြင်ဆင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ လမ်းဦးစီးဌာနက အကြီးစားပြင်ဆင်မှုများကို ၁၈၅ မိုင်နဲ့ ၁၆၅ မိုင် ကြားမှာ ပြန်လည်ပြုပြင်မှုတွေဆောင်ရွက်နေကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် မူလလမ်းသားအတိုင်း ပြင်ဆင်ဆောင်ရွက်ရမည့် ၃၈၃ မိုင်နှင့် ၃၈၅ မိုင်ကြားတွင်လည်း ပြင်ဆင်နေ ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ လမ်းဦးစီးဌာန က အသိပေးထားပါတယ်။
ထို့အတူ ကညန ညွှန်ကြားချက်နှင့်အညီ အမြန်လမ်းတစ်လျှောက်ရှိ ယာဉ်လမ်းပြသင်္ကေတများကိုလည်း ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ထဲ၌ လိုအပ်ချက်များကို ဆောင်ရွက်နေကာ လမ်းဘေးများ၌လည်း သစ်ပင်ပေါင်း ၁,၄၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရပါတယ်။