စပါးအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ အသင်းခေါင်းဆောင် ရိုမီရို

(အားကစား) စက်တင်ဘာ ၁၇

နည်းပြသစ် ဖရန့် လက်ထက်မှာ အသင်းနှင့်အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရိုမီရို က စပါးအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နွေရာသီ အပြောင်းအရွှေ့ကာလက ရိုမီရို အနေနဲ့ အေတီကိုအသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သော်လည်း အသင်းကပယ်ချခဲ့တာကြောင့် အသင်း ပြောင်းရွှေ့ခွင့်မရခဲ့ခြင်းဖြစ်ပါတယ်။

ခုအခါ နည်းပြသစ် ဖရန့် က ၎င်းကို အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ကာ အဓိကကစားသမားအဖြစ် အသုံးပြုနေပြီး အသင်းမှထွက်ခွာမည့် အစီအစဉ်များကိုငြင်းပယ်ကာ ရေရှည်လက်တွဲသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ရိုမီရို အနေနဲ့ စပါးအသင်းသို့ ၂၀၂၁ ခုနှစ်မှာရောက်ရှိခဲ့ပြီး အသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရှိရန် ရုန်းကန်ခဲ့ရတဲ့ အပြင် ဒဏ်ရာမကြာခဏရရှိနေခဲ့လို့ ပရီးမီးယားလိဂ်မှထွက်ခွာရန် ဆုံးဖြတ်ခဲ့ကာ အေတီကိုအသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြောင်းသိရပါတယ်။

#PAN