(မှုခင်း) စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ကနေ ငါန်းဇွန်မြို့ကို သကြားနဲ့ဘုရားပန်းတွေတင်ဆောင်လာတဲ့မော်တော်ယာဥ်တွေကို PDF အကြမ်းဖက်သမားတွေက ဓားပြတိုက်လုယက်ခဲ့ကြတယ်လို့ သိရပါတယ်။
ငါနဇွန်းမြို့နယ် စီကောင်းကျေးရွာနဲ့ ဘုံသာကျေးရွာကြားမှာ PDF အကြမ်းဖက်တွေက စက်တင်ဘာ ၁၂ ရက် မွန်လွဲ ၁ နာရီခန့်မှာ ဓားပြတိုက်လုယက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ငါန်းဇွန်မြို့ဘက်ကို ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်မှာနေထိုင်တဲ့ ဦးထက်ထက်ဦး(၄၅)နှစ် မောင်းနှင်ကာ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးအေးမာ၊ ၄၁ နှစ် လိုက်ပါပြီး ဘုရားပန်းတွေ တင်ဆောင်လာတဲ့ MDY-12/5N-XXXX SUZUKI မော်တော်ယာဉ်နဲ့ ဦးခင်ဇော်ဝင်း(၄၇)နှစ် မောင်းနှင်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းဖြစ်သူ ဒေါ်နေရည်(၄၂)နှစ် လိုက်ပါလာပြီး သကြားအိတ်တွေတင်ဆောင်လာတဲ့ MDY-12/9G-XXXX HIJET မော်တော်ယာဉ်တွေဟာ တွေရဲ့ဓားပြတိုက်တာကိုခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
သေနတ်ကိုယ်စီကိုင်ထားတဲ့ PDF အကြမ်းဖက်သမားနှစ်ဦးဟာ မော်တော်ယာဉ်တွေကို တားဆီးခြိမ်းခြောက်ကာ အဆိုပါမော်တော်ယာဉ် နှစ်စီးအနက် SUZUKI အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ လက်ကိုင်ဖုန်း လေးလုံး၊ ရွှေနားကပ် တစ်ရန်၊ စိန်နားကပ် တစ်ရန်၊ ငွေစက္ကူရောရာ ၆၄၆,၀၀၀ ကျပ်ခန့်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၂,၁၅၆,၀၀၀ ခန့်ကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။