
(မှုခင်း) စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လမ်းဖြတ်ကူးလာသည့်အမျိုးသမီးကြီးတစ်ဦးအား ဖယ်ရီကားမှဝင်တိုက်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်၆နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၏စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် အဝေးပြေးခရီးသည်တင်ကားပေါ်မှ ဆင်းကာ လမ်းဖြတ်ကူးလာသည့် အမျိုးသမီးကြီးတစ်ဦးအား ဖယ်ရီကားမှ ဝင်တိုက်ခဲ့ပြီး ဖယ်ရီကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် အမျိုးသမီးကြီးတွင် ဦးခေါင်းနှင့် ဆီးအိမ်တို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။