(နိုင်ငံတကာ) စက်တင်ဘာ ၁၄
ဟေတီနိုင်ငံ မြို့တော်ရဲ့မြောက်ဘက် တံငါရွာမှာ လက်နက်ကိုင် ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၄၀ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က စက်တင်ဘာ ၁၃ ရက်မှာ ရှုတ်ချခဲ့တယ်လို့သိရပါတယ်။

မြို့တော်အပြင်ဘက်မှာ ပျံ့နှံ့နေတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုရဲ့ နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်တဲ့ Labodrie မှာ ကြာသပတေးနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို ဟေတီပြည်တွင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ပါတယ်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်ကတော့ ဟေတီမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထိတ်လန့်တုန်လှုပ်နေကြပြီး ကျူးလွန်သူတွေနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို တရားမျှတမှုရှိစေဖို့ သေချာကိုင်တွယ်ဖို့ ဟေတီအာဏာပိုင်တွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။
အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက လူသတ်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒေသခံဂိုဏ်းခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီးနောက် လက်နက်ကိုင်ဂိုဏ်းတွေဟာ Labodrie ကို မီးတင်ရှို့ခဲ့ကြတယ်လို့ ဟေတီပြည်တွင်းမီဒီယာက ဖော်ပြခဲ့ကြပါတယ်။
#PAN