(နိုင်ငံတကာ) စက်တင်ဘာ ၁၄
မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်ဖြစ်သော ယွန်းထည်များအား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ စက်တင်ဘာလ ၁၂ ရက် က မိတ်ဆက်ပြသခဲ့ပါတယ်။

အာဆီယံအမျိုးသမီးအသင်း(ASC)၏ လှုပ်ရှားမှုအစီအစဉ်တစ်ရပ်အဖြစ် မိတ်ဆက် သည့် “A Touch of Myanmar Heritage: Making Lacquer Bead Necklaces & Bracelets”အခမ်းအနားတွင် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ် ယွန်းထည်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ မြန်မာ့ယွန်းထည်အကြောင်းကို ရှင်းလင်းမိတ်ဆက်ခြင်း၊ ယွန်းပုတီးနှင့် လက်ပတ်များပြုလုပ်မှုကို သရုပ်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဧည့်သည်တော်များအား မြန်မာပတ္တလားဖြင့် တီးခတ်ဖျော်ဖြေခဲ့ကာ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
#PAN