“မန်းတက္ကသိုလ်ကြီး ပြင်ဆင်မှု အဆင့် ၃ ဆင့်ကို အချိန် ၄ လ ယူကာ ပြင်ဆင်နေ”

(ပြည်တွင်း) စက်တင်ဘာ ၁၁

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ပြန်လည်ပြင်ဆင်နေရာ ရတနာပုံ တက္ကသိုလ်၌ Recreation Center Footing လုပ်ငန်းများ၊ Ground Floor Long Column ‌ကျောက်လောင်းခြင်း လုပ်ငန်းများ၊ Short Column လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ Plinth Beam သံဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် Retaining Wall အုတ်စီခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးမြင့်က မန္တလေးတက္ကသိုလ်ပင်မဆောင်မူလပုံစံမပျက် ပြန်လည် ပြုပြင်တည်ဆောက်နိုင်ရေး ဗိသုကာဆိုင်ရာလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတက္ကသိုလ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း(MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းစဥ် ၃ ဆင့်၊ အလုပ်လုပ်ချိန် ၄ လ နဲ့လုပ်ဆောင်နေကြောင်းသိရပါတယ်။

Telegram – t.me/positiveanglenews

#PAN